Skip to main content

ထကြွသောင်းကျန်းပတ်ရမ်းနေတဲ့ မြန်မာဆိုင်ရာစိတ်ရောဂါလက္ခဏာစု

​​​​​​​နိုင်ငံတကာအဖွဲ့အစည်းတွေဆီက အထည်ကြီးပျက်တွေနဲ့ ဂိုက်ဖမ်းပြနေသူတွေထဲမှာ (Myanmar Derangement Syndrome) လို့ဆိုတဲ့ မြန်မာဆိုင်ရာ စိတ်ရောဂါလက္ခဏာစုတွေ ထကြွနေကြပြီး သောင်းကျန်းရမ်းကားနေကြလေရဲ့။ သူတို့ဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့၊ ဘဝင်မြင့်နေတဲ့၊ စိတ်ကြီးဝင်ပြီး အထက်စီးဆန်တဲ့စိတ်ဓာတ်တွေ အကြီးအကျယ် ကိန်းအောင်းနေတဲ့ သီလကြောင်တွေပါ။ သူတို့ဟာ သူတို့နေထိုင်ရာနေရာကနေ လွန်စွာဝေးကွာလှတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိ အသားညို၊ အသားဝါလူမျိုးတွေကို ဗလာချီဝေဖန်ထိုးနှက် နေကြသူတွေပါ။ အင်အားကြီးအနောက်နိုင်ငံတွေက သူတို့ရဲ့ “အန်ကယ်တွေ”နဲ့ တွေ့ပြီဆိုရင်တော့ ကုပ်ကုပ်ကလေးရှိနေတတ်ကြသူတွေပါ။

တို့အားများ အပေးအယူ မျှတလို့ နို့စားနွား မွေးမြူသူ သမဝါယမ ဖွဲ့ကြစို့

ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတော်တော်များများမှာ နို့စားနွားမွေးမြူသူတွေရှိကြပါတယ်။ များသောအားဖြင့် မိတ္ထီလာခရိုင်၊ ကျောက်ဆည် ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်တို့မှာ မွေးမြူကြတာကို တွေ့ရပါတယ်။ အများစုက သမားရိုးကျနည်းဖြစ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ပဲ မွေးမြူကြတာပေါ့။

နမ့်ခင်မှသည် ရှမ်းအရှေ့တစ်လွှားဆီသို့ ….

ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်းနေသော နမ့်ခင်ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ခင်းတို့တွင် ကျိုင်းဖောင်းနှင့် ဆက်စပ်ရွာသားတချို့ ပျော်ရွှင်စွာ တက်ညီလက်ညီလှုပ်ရှားနေကြသည်။ သူတို့သည် တစ်ခါဖူးမျှမကြုံခဲ့ဖူးသော ခံစားမှုများဖြင့် ကြည်နူးဝမ်းသာနေကြပြီး သူတို့သည်နမ့်ခင်ချောင်း ဘေးတစ်ဖက်စီတွင် မစိုက်ခဲ့ဖူးသော ဆောင်းသီးနှံများ၊ ထူးဆန်းအံ့သြဖွယ် လှပစွာယိမ်းနွဲ့မြူးတူးလှုပ်ခါနေသော စိမ်းစိမ်းစိုစို စပါးပင်များကို ပီတိလွှမ်းသောအပြုံးများဖြင့် ပြုစုနေကြသည်ကို ကြည်နူးဖွယ်မြင်နေရပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံသည်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံသည် နေပြည်တော် ဇူလိုင် ၂၂
Subscribe to