အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို ၁၉၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေကိုစုစည်းပြီး အလုပ်သမားစံနှုန်းများ သတ်မှတ်တာ၊ အလုပ်သမားရေးရာမူဝါဒများ ချမှတ်တာ၊ အမျိုးသမီးများနဲ့ အမျိုးသားများအားလုံးအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်များတိုးမြှင့် ရရှိစေဖို့အတွက် လိုအပ်တဲ့ Program တွေ ရေးဆွဲတာ၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ Capacityများ မြှင့်တင်နိုင်ဖို့အတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ ပြုလုပ်ပေးတာ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ကို နှစ်စဉ်ဇွန်လမှာ ကျင်းပပြုလုပ်တာတွေ ဆောင်ရွက်နေတာကို တွေ့ရှိနေရပါတယ်။