Skip to main content

ကျောက်ပန်းတောင်းမြို့နယ်တွင် ၆ တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် မိုးစပါးကောက်စိုက်ခြင်း သရုပ်ပြ

ကျောက်ပန်းတောင်းမြို့နယ်တွင် ၆ တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် မိုးစပါးကောက်စိုက်ခြင်း သရုပ်ပြ ကျောက်ပန်းတောင်း ဩဂုတ် ၁၈ နေအောင်(ပြန်/ဆက်)

ပြည်သူအများအားထားရာ ပြည်သူ့ဆေးရုံကြီးများ

လူနာရှင်မိဘနှစ်ပါး၏ မျက်နှာများကား ဝင်းလက်သွားသည်။ သူတိုကား ကျောက်ကပ်ဝေဒနာရှင် သမီးငယ်ကို ဆေးဝါးကုသရန် မကွေးမြို့ ရွာနီးချုပ်စပ်ကျေးရွာတစ်ရွာမှ လာရောက်ခဲ့ကြသူများ ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဆွေမျိုးနီးစပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တတည်းခိုပြီး ပြင်ပအထူးကုဆေးရုံတစ်ရုံတွင် ဆေးရုံတက်ရောက် ကုသရာမှ နှစ်ပတ်ခန့်ကြာတော့ ငွေကြေးမတတ်နိုင်တော့၍ ယခု ခုတင်(၅၀၀) အထူးကုဆေးရုံကြီးသို့ တစ်ကျော့ပြန်ပြသခြင်း ဖြစ်ကြောင်း သိရသည်။ သို့ဖြင့် ဆေးရုံက သူတို့ကို ပြန်လက်မခံ မှာကို စိုးရိမ်ကြောင့်ကြနေရာမှ တာဝန်ကျဆရာဝန်မ၏ ရယ်ရယ် မောမော၊ နောက်နောက်ပြောင်ပြောင်၊ လှိုက်လှဲပျူငှာစွာ လက်ခံပေးမှု ကြောင့် စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။
Subscribe to