ဇလဗေဒဆိုသည်မှာ မိုးလေဝသနှင့်ရာသီဥတုတို့ကို ကြိုတင်ခန့်မှန်းနိုင်ရန်လေ့လာခြင်း၊ တွက်ချက်ခြင်းတို့ပြုလုပ်ရသော ဘာသာရပ်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဇလဗေဒ၏အဓိပ္ပာယ်ကို အလုပ်မဝင်ခင်အထိဘာမှန်းမသိခဲ့။ ကျောင်းတွင်လည်း မသင်ခဲ့ရ၊ ပြင်ပ၌လည်း မကြားစဖူး၊ လုပ်ငန်းခွင်ကျမှ သေသေချာချာ သိနားလည်လာရခြင်းဖြစ်၏။