လူထုဗဟိုပြုစီမံကိန်းများမှ ပြည်သူ့အတွက် အကျိုးရှိစေ
ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်လျက်ရှိရာ ပြည်သူ့ဘဝမြင့်မား တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများ များစွာပေါ်ထွက်လာသည့်အထဲတွင် လူထုဗဟိုပြုစီမံကိန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဦးဆောင်၍ အကောင်အထည်ဖော်သည့် အလေ့အကျင့်မျိုး ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်၏ ကနဦးစတင်ကူညီမှုနှင့် လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ယခုနှစ်တွင် ဆဋ္ဌမမြောက်နှစ်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
