အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်များ
ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုသည့်အတိုင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူတို့က လွှတ်တော်သို့တင်ပြလာသည့် တိုင်ကြားစာများအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ။
အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသည် ပြည်သူများမှ တင်ပြလာသော တိုင်ကြားစာများကို သုံးသပ်လေ့လာ၍ ကော်မတီ၏စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် ပေးပို့ညှိနှိုင်းခြင်းဖြင့် ပြည်သူများ၏ လိုလားချက်များ၊ နစ်နာမှုများကို ကူညီဖြေရှင်း ပေးလျက်ရှိသည်။