Skip to main content

ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ ရွေးကောက်ပွဲများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ ပွင့်လင်းမြင်သာစွာမဲပေးရေး၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်နိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော မဲဆွယ်စည်းရုံးရေးနှင့် သာတူညီမျှ အခွင့်အရေးများ ဆောင်ရွက်ခွင့်ရရှိရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုနှင့် ခြယ်လှယ်မှုများ မရှိစေရေး၊ အငြင်းပွားမှုကို ဖြေရှင်းရေး၊ ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က သမာသမတ်ကျအောင် ဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ရွေးနိုင်မှ တော်ကာကျမည်

ကျွန်မတို့အိမ်ရှင်မတွေအဖို့ နံနက်မိုးသောက် အလင်းရောက်ရင် ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ထွက်ရတဲ့ကိစ္စက နိစ္စဓူဝအလုပ်တစ်ခုလို့ဆိုရမယ်။ ပြီးတော့ ဈေးဆိုတာကလည်း စောစောအဝယ်ထွက်မှ။ ဈေးပေါင်ကျိုးချိန်ရောက်မှ ဈေးရောက်ရင်တော့ သူများမကြိုက်လို့ ချန်ရစ်ထားခဲ့တဲ့ ရွေးကျန်တွေပဲရမယ်။

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသို့ …

နိုင်ငံတစ်နိုင်ငံ၌ သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များ မည်မျှပင်ပြည့်စုံသည်ဖြစ်စေ မိမိတို့၏ယဉ်ကျေးမှုကို အမြတ်တနိုးတန်ဖိုးထားကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မြန်မာ၊ ရိုးရာ၊ ယဉ်ကျေးမှုဆိုသည့် ဝေါဟာရများ၏ အဓိပ္ပာယ်သည် လေးနက်ကျယ်ပြန့်သည်။
Subscribe to