Skip to main content

ချင်းပြည်နယ်ဝန်ကြီးချုပ် ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဖလမ်း ဖေဖော်ဝါရီ ၁

 ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့ လိုင်ဗားရေပေးဝေရေး၊ လိုင်ဗားတမံ(၂) တည်ဆောက်နေမှုများ၊ ဖလမ်းမြို့တိုးချဲ့စီမံကိန်း လမ်းအူကြောင်းသစ် ဖောက်လုပ်နေမှုများ၊ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း စီမံကိန်း ဆောင်ရွက်မှုများ၊ ဂေါက်ကွင်းသစ် ဖော်ဆောင်နိုင်ရေး မြေနေရာလျာ ထားချက်များနှင့် မြို့နယ် ခန်းမမြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဂျွန်( ပြန်/ဆက်)