Jun 10, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာကြိုးစားသင်ယူကြရေး၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားရေး၊ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတပြည့်ဝကာ စာတတ်ရုံသာမက ပညာပြည့်ဝသူများဖြစ်အောင် ကြိုးစားရေး၊ ကျောင်းသားဝတ္တရား၊ သားသမီးဝတ္တရားကျေပွန်သော လူငယ်များဖြစ်စေရေး၊ မိဘဆရာများနှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိသူများ၊ နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရေးတို့ကို မှာကြားသည်။
Jun 10, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း၌ သင်တန်းသားအိပ်ဆောင်များ စနစ်တကျထားရှိမှု၊ ကွန်ပျူတာခန်းမနှင့် စာသင်ဆောင်များတွင် သင်ကြားပို့ချနေမှုအခြေအနေနှင့် သစ်တောကျောင်းဝင်းအတွင်း သာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
Jun 10, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazh-promexport Co., Ltd. (TPE) မှ Chief Engineer Mr. Akeksandr Senin အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Jun 10, 2025
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်အမှာစကား ပြောကြားသည်။
Jun 10, 2025
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက် ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။
Jun 10, 2025
မဟာသက္ကရာဇ် ၁၀၇ ခုနှစ် နယုန်လပြည့်နေ့ မြတ်စွာဘုရားရှင် ပဉ္စမမြောက် ဝါဆိုခါနီးအချိန်တွင် မဟာသမယသုတ်တရားတော်ကို ဟောကြားတော်မူခဲ့လေသည်။ မဟာသမယသုတ်တရားတော် ဟောကြားတော်မူသည့်ကာလကို တွက်စစ်ကြည့်သော် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။ မဟာသမယသုတ်တရားတော်သည် ငြိမ်းချမ်းခြင်းကိုဦးတည်သဖြင့် ဤကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် မဟာသမယသုတ်တော်ကို ဆင်ခြင်သုံးသပ် အလေးအမြတ်ပြုကြရမည်ဖြစ်သည်။
Jun 10, 2025
မြန်မာ့ ၁၂ လတွင် နယုန်လသည် တတိယမြောက်လဖြစ်၍ နွေဥတု၏ နောက်ဆုံးလဖြစ်ပြီး မိုးသေးမိုးဖွဲတို့ စတင်ရွာသွန်းသည့် ကာလလည်းဖြစ်သည်။ သို့ဖြစ်ရာ ရှေးဘုရင်များလက်ထက်အခါက နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကို ကျင်းပကာ ဘုရင်မင်းများကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းဖြင့် နိုင်ငံ၏ပင်မစီးပွား၊ နိုင်ငံသားတို့၏ အဓိကစားစရာ ဆန်စပါးစိုက်ပျိုးရေးကို အားပေးခဲ့ကြသည်။ ထို့အပြင် နယုန်လတွင် သာသနာတော်တိုးတက်ထွန်းကားရေးနှင့် ရဟန်းပညာရှိ၊ လူပညာရှိများ ပေါ်ထွန်းလာရေးတို့အတွက် စာတော်ပြန်ပွဲများကိုလည်း ဘုရင်မင်းအဆက်ဆက်တို့က အလေးထားကျင်းပခဲ့ကြသည်။
Jun 09, 2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Jun 09, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 09, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများရှိ ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ချယ်ရီခန်းမ၌ ကျင်းပသည်။