Skip to main content

Jun 13, 2025

ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

2nd Belt and Road Initiative Science and Technology Exchange Conference အခမ်းအနား သို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့၌ ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၁၀ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Chen Jiachang နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အစည်းအဝေး ခန်းမဆောင်(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများဖြစ်သည့် Forever Group ကုမ္ပဏီ၏ MRTV-4, Channel-7 နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Canal+ DTH, Media N ကုမ္ပဏီ၏ M Channel တို့ ရိုက်ကူးထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ဆရာ ဆရာမများအား “မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်ဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေကြောင်း”ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2025

ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့အစည်းတစ်ခုအတွင်း လူတို့၏အပြုအမူများကို ထိန်းညှိပေးသည့် စည်းမျဉ်းစနစ်ဖြစ်သည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားသည့်အချက်မှာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကိုပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေစိုးမိုးနေခြင်းက နိုင်ငံသူနိုင်ငံသားတို့ကို အဘက်ဘက်မှလုံခြုံမှုရရှိစေသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိထားသောအခွင့်အရေးများကို လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရကိုယ်တိုင်ကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်းမှလည်း ကာကွယ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁၂၃၀ အချိန် ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး မောင်းနှင်သည့် TOYOTA PRADO မော်တော်ယာဉ်ပေါ်မှ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာသည့် I-ZONE မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ ၄ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃,၇၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၁ ဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်