Skip to main content

Nov 12, 2024

ဝါလကင်းလွတ်၍ သီတင်းကျွတ်သည်နှင့် ကထိန်သင်္ကန်းလှူဒါန်းကြသည့် အခါရာသီကျရောက်ပြီဖြစ်သည်။ ကထိန်သင်္ကန်းလှူဒါန်းခြင်းသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာအချိန်ကာလအတွင်းမှာသာ လှူဒါန်းခွင့်ရှိ၍ ကာလဒါနဖြစ်သကဲ့သို့ သံဃာအားသာရည်စူး၍ လှူဒါန်းရခြင်းကြောင့် သံဃိကဒါနလည်းဖြစ်သည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်ဟူသော ဆိုရိုးစကားနှင့်အညီ ကထိန်သင်္ကန်းလှူဒါန်းခြင်းကို အထွတ်အမြတ်ကုသိုလ်ဒါနတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင်တို့က အလေးအနက်ထားလှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်နိုင်ခဲ့ခြင်း၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းတို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၂၆ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၅၀၀ ခန့်အား မီးရှို့၍ ဒေသခံပြည်သူများအား ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း အမိနိုင်ငံတော်အတွက် စွမ်းဆောင်ကြိုးပမ်းခဲ့မှုနှင့် ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုနေမှုမြင်ကွင်းပုံရိပ်များ

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပ သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊  (၁၀)ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့်(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူ နိုင်ခဲ့ခြင်း၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခြင်းတို့အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)က အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2024

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်