Skip to main content

Nov 16, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက် ဒီကနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦးသို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နေပြည်တော် တပ်မတော်လေဆိပ်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ တန်ဆောင်တိုင်မီးထွန်း ပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန်တွင် ရေကျော်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့်အခြေအနေများနှင့် လတ်တလော စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ယနေ့တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် နောက်ဆုံးနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

နေပြည်တော်၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ညပိုင်းတွင် မာရဝိဇယရုပ်ရှင်တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်သို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ် ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက်မှစ၍ လေ့လာရေးခရီးစဉ်သွားရောက်ရာ ယမန်နေ့က ချူရှုံ့ပြည်နယ်ခွဲရှိ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာ၊ ချားမူ သဘာဝအပန်းဖြေပန်းဥယျာဉ် ၊ ရင်ပြင်၊ ချုံရှု့မြို့ရှိ တရုတ်-ယွီ တိုင်းသားရိုးရာ ချည်ထိုးလုပ်ငန်းစင်တာနှင့် ကူမင်းမြို့ရှိ ထရန်းချီတောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေများသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2024

လောကတွင် ကောင်းမှု၊ မကောင်းမှုတို့ကို အကြောင်းပြု၍ အများပြည်သူတို့ စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ ကြုံတွေ့ကြရသည်။ ပြည်သူ များအနေဖြင့် ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ခြင်းတို့ကိုသာ အလိုရှိကြသည့်အတွက် ပြည်သူများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့စေရန်အတွက် ကောင်းသောအမှုကုသိုလ်များနှင့် ပျော်ရွှင်ချမ်းမြေ့မှုများကို ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ မျက်မှောက်အချိန်အခါ တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် အများပြည်သူ စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်းများကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်