Skip to main content

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈ 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ဘားအံ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ပဲခူး ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

မန္တလေး ဇန်နဝါရီ ၂၈

အသက်(၅)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသော အဓိက အကြောင်းအရင်းဖြစ်သည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးဆုံဆို့၊မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4) အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းအစီအစဉ်တွင် စတင် ထည့်သွင်းခြင်းနှင့် ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေ ရေး အသိပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ လမ်း(၇၀)၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ဘားအံ  ဇန်နဝါရီ ၂၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ဆဋ္ဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီးများနှင့် ဆရာ/ဆရာမများ၊ သူနာပြု/သားဖွား သင်တန်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက် ခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ပြည်  ဇန်နဝါရီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌  ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

မန္တလေး  ဇန်နဝါရီ  ၂၇  

တရုတ်နိုင်ငံ ဝူဟန်မြို့မှစ၍ ကူးစက်ပြန့်ပွားနေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင် ဩဝါဒါစရိယ ဆရာတော်များကို ဖူးမြော်ကြည်ညို၍ ကျိုက်ထီးရိုးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာများကို လျှောက်ထား တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

လွိုင်ကော်   ဇန်နဝါရီ   ၂၈

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အားကောင်းလာစေရေး၊ ခိုင်မာသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့သို့ Taunggyi Youth Center မှ သင်တန်းသား၊ သင်တန်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း ၂၉၀ တက်ရောက် လေ့လာခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ရန်ကုန် ဇန်နဝါရီ ၂၇

Our Life Scholarship Program ပညာသင်ဆု ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် Save The Library တည်ထောင်သူ ဆရာဦးမောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် KAWI English and Business Institute မှ ဆရာရဲဖြိုးဟန်က Our Life Scholarship Program နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် Myanmar’s Land Institute မှ CEO ဒေါက်တာလင်းသိုက်ညွန့်က လူငယ်များအတွက် အသိပညာဗဟုသုတများအကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

အိမ်နီးချင်းနိုင်ငံမှ ကူးစက်ရောဂါပျံ့နှံ့မှုသတင်းက မိမိတို့ နိုင်ငံမှ ပြည်သူများအတွင်း၌လည်း စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ ၂၀၁၉ - နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟု တရားဝင်အမည်ရှိသည့် အဆိုပါ ကူးစက်ရောဂါပိုးမှာ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပူဟန်မြို့ကို အစွဲပြုပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟူ၍လည်း အမည်တွင်နေခဲ့ပြီဖြစ်သည်။ လူဦးရေ ၁၉ သန်းကျော် နေထိုင်သည့် ဝူဟန်မြို့ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုစတင်လာခဲ့ ချိန်မှစ၍ ကူးစက်မှုအရှိန်အဟုန်မြင့်မားလာသည့် လက်ရှိအချိန်တွင်မူ လူသွားလူလာ အလျှင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီ ဖြစ်သည်ကို သတင်းများတ

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးနွယ်ပေါင်း တစ်ရာကျော် မှီတင်းနေထိုင် ကြသည်။ အဓိကမျိုးနွယ်စုများ ၆၀ ကျော်ရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းဓလေ့ အစဉ်အလာများဖြင့် အေးချမ်းစွာနေထိုင်ကြသည်။ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများသည် ၎င်းတို့ မွေးဖွားရှင်သန်ကြီးပြင်းရာ ဇာတိမြေတွင် အခြေချနေထိုင်လေ့ရှိပြီး အခြားတိုင်းရင်းသား လူမျိုးများနှင့်လည်း အတူတကွ စုပေါင်းနေထိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

ရန်ကုန် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်