Apr 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 03, 2022
သံနှင့်သံမဏိစက်ရုံများ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (Mini Budget) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 03, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများမဖြစ်မနေ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခို နေထိုင်ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ဖြစ်စေ တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက် မှစတင် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
Apr 03, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Apr 03, 2022
စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ သင်တန်းများတွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့ လက်တွေ့ လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာ များကို ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းကို လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
Apr 03, 2022
စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Apr 03, 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း ကသာကေတမြို့နယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Apr 03, 2022
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ် ၃၁ ရက်မှ ဧပြီ ၁ ရက်အထိကျင်းပသည့်အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့် မြင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး (The First Meeting of the High-level Task Force on the ASEAN Community’s Post-2025 Vision)သို့မြန်မာနိုင်ငံမှ အဆင့်မြင့်လုပ်ငန်း အဖွဲ့ဝင် (Eminent Person-EP) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊အဆင့်မြင့် ကိုယ်စားလှယ် (High Level Representative-HLR) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
Apr 03, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Apr 03, 2022
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (Sanitary and Phytosanitary-SPS) ကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်၍ အဓိက အိမ်နီးချင်းဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက်အား ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
Apr 03, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များကမြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်း ခြင်း၊နေ့ဆွမ်းများဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Apr 03, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၈၇ ဦးနှင့် ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၃ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၂၆ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၃၁၄ ဦးတို့ကိုလည်းကောင်း လက်ခံခဲ့ကြသည်။
Apr 03, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု ကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုသည်။
Apr 03, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 03, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၂၈၁၂၄၉ ဦး ရှိကြောင်း သိရသည်။
Apr 03, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းပြုစုရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
Apr 03, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ကချင်ပြည်နယ် ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Apr 03, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက် ရှိသည်။
Apr 03, 2022
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် ရေးဆွဲရေးနည်းပညာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို မတ် ၃၁ ရက်က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ပြုလုပ်သည်။
Apr 03, 2022
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
