Skip to main content

Aug 19, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့အမှတ် (၁)ရပ်ကွက်ရှိ တည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၁၀၆)၌ တည်းခိုနေထိုင်သည့် အေးအေးမာထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅၀ ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

SEACEN High-Level Seminar and Meeting for Deputy Governors (Financial Stability and Supervision)ကို ယမန်နေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အရှေ့တောင်အာရှနိုင်ငံများမှ ဗဟိုဘဏ်များ၏ ဒုတိယဥက္ကဋ္ဌများ၊ အရာထမ်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဌာနအသီးသီးမှ အရာထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြန်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဦးစီးဌာန/ စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

“မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သောအခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2022

ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည်လည်းကောင်း တပ်မတော်ကအာမခံပေးထားပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိကတောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2022

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ “မိုးကောင်းရတနာ”ကလေးဆေးရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးရုံပတ်ဝန်းကျင်အား အသေးစိတ်စစ်ဆေးရှာဖွေခြင်းများပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများက ကလေးဆေးရုံအား ဆေးရုံအရှေ့ လမ်းတစ်ဖက်ခြမ်းရှိ ဘောလုံးကွင်းဟောင်းအတွင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်