Skip to main content

Dec 14, 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz – Regional Level) ကို ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ ချုခ်ဘွန်နာကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

မျက်မှောက်ကာလတွင် သိပ္ပံနှင့်နည်းပညာများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်အဆင့်မြှင့်တင်၍ မိမိနိုင်ငံကို တိုးတက်သည်ထက်တိုးတက်လာအောင် ကြိုးပမ်းစွမ်းဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စသည့်ကဏ္ဍပေါင်းစုံ ခေတ်မီတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိနိုင်ငံ တင့်တယ်ဝင့်ထည် အင်းအားကြီးမားလာအောင် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်။ ခေတ်နှင့်အညီ အမီလိုက်ပါနိုင်ရန် မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2022

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန်အစားထိုးရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်ကအားပေးဆောင်ရွက်လျက်ရှိသည်။ MSME တွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားဟူ၍ ကဏ္ဍလေးရပ်ရှိသည့်အနက် ကုန်ထုတ်လုပ်မှုကဏ္ဍကို အဓိကမြှင့်တင်နိုင်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ဒုတိယညွန်ကြားရေးမှူးချုပ် H.E. Mr. Nikolay SPASSKIY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နို်ငငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလမင်းထင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၂-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၀၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေအဖြစ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း‌အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်သည့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများက နေပြည်တော်ရှိ Aureum Palace Hotel ၌ လည်းကောင်း၊ AHA Centre မှ Executive Director Mr. Lee Yam Ming နှင့် တာဝန် ရှိသူများက Online မှလည်းကောင်း တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ - ဒေသတွင်းအဆင့် ပြိုင်ပွဲ (10thASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များသည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှစတင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ (အောက်ပုံ) ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး ခေတ္တတည်းခိုကြမည့် ဟိုတယ်များသို့ ပို့ဆောင်နေရာချထားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး(ယာပုံ) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel သို့ ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု၊ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် တောင်သူလယ်သမားများ၊ ရေအသုံးချသူများအဖွဲ့ (Water User Group)၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများ ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးနေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကွင်းဆင်းကုသမှု ဆောင်ရွက်ပေးနေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်တို့ကလည်း ဝန်ကြီးဌာနအလိုက် ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်