Oct 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 20, 2021
ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အများအားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲမွန်မြတ်သောအနှစ်သာရနှင့် ဂုဏ်ထူး ဝိသေသများကို သိရှိနားလည်ရန် လိုအပ်ပါသည်။
Oct 20, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ရရှိခဲ့သည့် အကျဉ်းသား အကျဉ်းသူများမှာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေကြရသူများဖြစ်ပြီး "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ကရား စွဲဆိုခြင်းခံနေရသူ ၄၃၂ဝ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၇/၂၀၂၁)ဖြင့် အမှုများကို ပိတ်သိမ်းပေးခဲ့သည်။
Oct 19, 2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အကြို(အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည်။
Oct 19, 2021
2021 Global Rural Development Forum ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ်လက်ခံ၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 19, 2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကပဲခူးမြို့ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးသည်။
Oct 19, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေဗိမာန်က ဖတ်ကြားခဲ့သော စာတမ်းများကို ထုတ်ဝေသည့် စာအုပ်များ အနက် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက် ကျင်းပ ခဲ့သည့်ဝတ္ထုရှည်စာတမ်းဖတ်ပွဲတွင် တင်သွင်းခဲ့သည့် စာတမ်း ၆ စောင်နှင့် ၂၆-၇-၂၀၁၅ ရက်တွင် စာပေ ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည့် "ဝတ္ထုရှည်အနှစ်သာရ” စာပေစကားဝိုင်းတွင် စာရေးဆရာ လေးဦး ဆွေးနွေး ခဲ့ကြသော မြန်မာဝတ္ထုရှည်ဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်သည့် "ဝတ္ထုရှည်စာတမ်းများ" စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ်ကို စာပေဗိမာန်က တတိယအကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။
Oct 19, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင် ကွင်းလမ်းနှင့် ဗဟန်းမြို့နယ် အနောက်မြင်းပြိုင် ကွင်းလမ်းဆုံ၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူဆောင်ရွက်နေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ဒု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရစ် ခင်းကျင်းပြီးစီးနေမှုနှင့် အနောက်မြင်းပြိုင်ကွင်း လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 19, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် သည် အောက်တိုဘာ ၁၆ ရက်က နေပြည်တော် တောင်ညို - မြို့သစ်- ကံပြား - မကွေးလမ်းအား စစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းမိုင် ၂၇ မိုင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန် အတွင်းပြီးစီးရန် သတ်မှတ်အရည် အသွေး၊ စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။
Oct 19, 2021
အနုပညာရှင်များနှင့် လူမှုကွန်ရက်တွက် လူသိများသူများအား အရေးယူခဲ့မှုများကို ပိတ်သိမ်း
Oct 19, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သီတင်းကျွတ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း ၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ က အမိန့်အမှတ် ၁၈၆/၂၀၂၁ နှင့် ၁၈၇/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၃၁၆ ဦးနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူ ၄၃၂၀ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းသိရသည်။
Oct 19, 2021
နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ယနေ့တွင် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာ မန္တလေးမြို့ရှိမန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈ဝ ကို လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
Oct 19, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁၈၆/ ၂၀၂၁)နှင့် အမိန့်အမှတ် (၁၈၇/၂၀၂၁) တို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခဲ့ရာ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား/ သူ ၆၄၇ ဦး ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်ဖြင့် လွတ် မြောက်ခဲ့ကြောင်း သိရသည်။
Oct 19, 2021
ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း
Oct 19, 2021
အကျဉ်းထောင် /အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု
Oct 19, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
Oct 19, 2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့၏ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာ ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီအစီအစဉ်ဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပြည်သူများ က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အရည် ၂၅ တန် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဆေးရုံကြီး၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
Oct 19, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ များ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်း ဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် ကျေးရွာ များရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ နေအိမ် များတွင် နေထိုင်နိုင်ခြင်းမရှိဘဲ လုံခြုံစိတ်ချရသည့် နယ်မြေခံတပ်ရင်းများတွင် ခေတ္တတိမ်းရှောင် နေထိုင် လျက်ရှိသည်။
Oct 19, 2021
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကြပါစို့ဆိုသည့် ဆောင်ပုဒ် နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းစုရပ်များ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။