Oct 19, 2021
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ အသက် ၁၂ နှစ်ပြည့်ပြီးသည့် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးနေသည့် အမှတ်(၈) နှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းများသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကာ ကျောင်းသားကျောင်းသူများနှင့် မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများပြောကြားသည်။
Oct 19, 2021
ရန်ကုန်းတိုင်းဒေသကြီး၊ တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)ကို အများပြည်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်၊ တိရိစ္ဆန် ချစ်မြတ်နိုးသူများအစား အစာများ ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိခြင်းကြောင့် လာရောက်ကြည့်ရှုသူ နည်းပါးပြီး တိရစ္ဆာန်များ အတွက် အစားအစာလုံလောက်မှုတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
Oct 19, 2021
ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။
Oct 19, 2021
(၃၅) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဋ္ဌများအစည်းအဝေး (35th Chairs' Meeting of the ASEAN Capital Markets Forum) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။
Oct 19, 2021
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင်ရောက်ရှိ လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ ပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှု ထုံးတမ်း စဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန်အခါ သမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွဋ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါတယ်၊ ကိုဗစ် ကာလမှာ အကြပ်အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ် ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်ခဲ့ တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကြီးမားစွာ ဖြစ်ပွားခဲ့ တာ မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာ ကောင်း တဲ့မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ် များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ် အောင် ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သား အားလုံးထိခိုက်တာ တွေရော နိုင်ငံတော်အပေါ်မှာထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။
Oct 19, 2021
ယနေ့သည် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာအရလည်းကောင်း၊ ဘာသာရေးအစဉ်အလာအရ လည်းကောင်း ရက်ကောင်းကာလရက်မြတ် အချိန်အခါသမယဖြစ်သည်။ ယနေ့သည် သီတင်းကျွတ်ရာသီ အဖိတ်နေ့ဖြစ်သဖြင့် ကောင်းမှု ကုသိုလ်များ စတင်ပြုလုပ်မည့်အချိန်အခါဖြစ်သည်။ ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကောင်းမှုကုသိုလ် များနှင့် ပွဲလမ်းသဘင်များ စုံညီလှသောကာလဖြစ်သည်။
Oct 19, 2021
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်များကို ဓမ္မနှင့် ဂိနယဟူ၍ ခွဲခြားထားသည်။ ယင်းအနက် ဓမ္မတွင် သုတ္တန် နှင့် အဘိဓမ္မတို့ ပါဝင်သည်။ ပုဂ္ဂိုလ်သတ္တဝါတို့၏ စရိုက်ဝါသနာကို လိုက်၍ လူအများနားလည်လွယ်သော ဝေါဟာရများကို သုံးကာ ဥပမာ၊ ဥပမေယျ၊ ဂါထာ၊ ပုံဝတ္ထုသာဓကများဖြင့် ပုံဆောင်၍ ဟောကြားသော တရားတော်များကို သုတ္တန်ဟူ၍လည်းကောင်း၊ သုတ္တန္တပိဋကတွင် သာမညအားဖြင့် ဟောပြသည့် အယူဝါဒတို့ကို အသေးစိတ်အကျယ်ဖွင့်ဆိုသည့် တရားတို့ကို အဘိဓမ္မာဟူ၍ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းတွင် လိုက်နာရန်စည်းမျဉ်း စည်းကမ်းများကို ဝိနယဟူ၍လည်းကောင်း ပိဋကတ်သုံးပုံအားဖြင့် သုတ္တန္တပိဋက၊ ဝိနယ ပိဋက၊ အဘိဓမ္မပိဋက ဟူ၍ ခွဲခြားနိုင်သည်။
Oct 18, 2021
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၈-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 18, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ ဝင်များနှင့် တွေ့ဆုံသည်။
Oct 18, 2021
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ နှင့်အတူ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဆေးဝါးကုန်ကြမ်းစိုက်ခင်းများသို့ ရောက်ရှိပြီး ဆေးဝါးကုန်ကြမ်းပင်မျိုးများ ထိန်းထားနိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားကာ ငှက်ဖျားရောဂါ ကုသဆေး ထုတ်လုပ်နိုင်ရန် အာတီမီးစီးယာများ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ပျိုးပင်ခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။
Oct 18, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်သည်။
Oct 18, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
Oct 18, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၁၅၆ ဦး၊ စုစုပေါင်း ၄၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။
Oct 18, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 18, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည်၊ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ)သို့ ရောက်ရှိပြီး နေထိုင်မှု ပုံစံအသစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်လျက်ရှိရာတွင် သင်တန်း ကျောင်းမှ ပို့ချနေသည့် သင်ခန်းစာများကို Online စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ပို့ချ နိုင်ရေး ဆောင်ရွက်သွားရန်၊ သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်နှင့် လက်ရှိ တိုးတက်မှု အခြေအနေ သုံးသပ်အကဲဖြတ်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဆောင်ရွက်သွားရန်၊ သင်တန်းများ ခေတ္တပိတ်ထားရသည့် အချိန်ဖြစ်သည့်အတွက် သင်တန်းနည်းပြများ အတွက် သင်ယူလေ့လာရန် အချိန်များစွာရနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေး စည်းမျဉ်းနှင့်အညီ ထောက်ပံ့ရမည့်ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရသည့်ဘေးဖြစ်စဉ် များကိုပါ Disaster Management Information System National Data အဖြစ် အသုံးပြုနိုင်ရေး စနစ်တကျ စာရင်းပြုစုထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စေတနာ့ ဝန်ထမ်းများ အတွက် နိုင်ငံတော်က ပံ့ပိုးကူညီထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက် ပေးသွားရန် ဖြစ်ပါကြောင်း မှာကြားသည်။
Oct 18, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးသို့ရောက်ရှိပြီး အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၈) မှ တာဝန်ယူတည်ဆောက်နေသော (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Oct 18, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့်အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ကုမ္ပဏီ လေးခုက ယာဉ်စီးရေ ၁၂ စီးဖြင့် PPE ဝတ်စုံ ၄၂၈၅ဝနှင့် နှာခေါင်းစည်း (Mask) ၆၆ တန် တင်သွင်းခဲ့သည်။
Oct 18, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၇ ရက်၌ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီသုံးခုတို့မှ Mask ၃၈၈၉၅ Kg Syringe ၂၄၀၄၀ ခု၊ PPE ၄၂၈၀၅ ခု၊ Infusion ၃၆၃၆ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Oct 18, 2021
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘတ်ဂျက်ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေးဗဟိုဌာန၌ အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည်။
Oct 18, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။