Skip to main content

Apr 04, 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အတွင်းရှိ စာစစ်ဌာန (၉)ခု၌ ဓာတုဗေဒဘာသာရပ်အား ယနေ့ နံနက်က  ဆက်လက် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြန်အောင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်သန့်သည် ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကွင်းတည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

သာစည်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်ကုန်လှောင်ရုံ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော တရားမဝင် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၈၂,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င) နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း  ၇၉၂၇  ဧကရှိသော နယ်မြေကို “နန်ချို ကြိုးပြင် ကာကွယ်တောအပိုင်း(၂)” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၆၃/၂၀၂၂)အရ ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁ ရက် (၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့တို့သည် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရန်၊ ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ငါးစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ ဧပြီ ၁ ရက်က ဗန်းမော်မြို့ ကမ်းနားဈေးသို့သွားရောက် ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ် များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊  လက်လုပ် စိန်ပြောင်းများဖြင့်  ပစ်ခတ်ဖျက်ဆီးမှုများ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့်  စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊  ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ  လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့်  ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အစိုးရက ၂၀၂၂   ခုနှစ်တွင်    ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိ တော်မူသော ရန်ကုန်တိုင်းဒေသကြီး  မရမ်းကုန်း မြို့နယ်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်တည်ထောင် သူနှင့်   ဒုတိယပါမောက္ခချုပ်     ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်ကြီးများ၏ အဓိပတိ ပဓာန နာယကဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်းဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာကို ယနေ့ ညနေပိုင်းတွင်   အဆိုပါ  သီလရှင်စာသင်တိုက်၌ ပြုလုပ်ရာ  ပင့်ဖိတ်ထားသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ  တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည်  ဧပြီ  ၂ ရက်တွင် ရှမ်းပြည်နယ်‌ တောင်ပိုင်း   ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်း ဆည်အတွင်း ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို  ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများ က  မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့   ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို  ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ ရောက်ရှိပြီး ကချင် ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တိုင်းရင်းသားဘာသာ) အစီအစဉ် အတွက် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

​​​​​​​မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ နေ့စဉ် လူမှုဘဝ၌ လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုး ထုတ်လုပ်ပြီး ဈေးနှုန်းတည်ငြိမ်ပိုလျှံရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသောက် မှုဘဝတွင် ဆန်နှင့်ဆီသည် အဓိကကျသည့်စားသောက်ကုန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

​​​​​​​တောင်သူများ  ဝင်ငွေတိုးရေးအတွက်  ဝဥစိုက်ပျိုးရန်  နှိုးဆော် တိုက်တွန်းလျက်ရှိသည်။ ဆန်အစားထိုး စားသုံးနိုင်သည့် သီးနှံဖြစ်သော ဝဥကို မြန်မာနိုင်ငံတွင် စားသုံးမှုနည်းပါးလျက် ရှိသေးသော်လည်း ဝဥသည် စားသောက်ကုန်၊   အလှကုန်နှင့်   ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သောကြောင့် ပြည်ပ ဝယ်လိုအားရှိသော စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

သံနှင့်သံမဏိစက်ရုံများ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (Mini Budget) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများမဖြစ်မနေ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခို နေထိုင်ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် ဖြစ်စေ တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက် မှစတင် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ သင်တန်းများတွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့ လက်တွေ့ လုပ်ကိုင်ကြမည့် သီးနှံများအလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ်သော စက်ကိရိယာ များကို ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းကို လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 03, 2022

စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်