Skip to main content

Jul 24, 2022

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် စာပေအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းတွင် ပြုလုပ်ရာ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာကလပ်၊ မြန်မာနိုင်ငံအားကစားသတင်းမီဒီယာအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ် သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင် သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရအရေးပေါ်အခြေအနေကြေညာပြီး တည်ဆဲဥပဒေများအပေါ်တွင်မူတည်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ စစ်အုပ်ချုပ်ရေးကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2022

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုများကို လျစ်လျူရှုငြင်းဆန်မှုများ၊ အငြင်းပွားမှုများကို မရှင်းလင်းသေးပဲ လွှတ်တော်ကိုခေါ်ယူကာ နိုင်ငံတော်အာဏာကိုရယူရန် ကြိုးပမ်းမှုများက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာရခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာရခြင်းတို့၏ အဓိကအကြောင်းတရားများသာဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ရှင်းလင်းစွာချပြထားပြီး “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ထားပြီးလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

၁။ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

၁။      မော်တော်ယာဉ်မောင်းနှင်သူများသည်   အောက်ပါနေရာများတွင်  မည်သည့်မော်တော်ယာဉ်မျှ  “ဂ” ကွေ့ မကွေ့ရပါ-

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

မြန်မာအမျိုးသားလေကြောင်းကို စဉ်ဆက်မပြတ်အားပေးကြသော ခရီးသည်များအတွက် ပြည်တွင်း ပြည်ပ ခရီးစဉ်တွေကို ၁၅ ရာခိုင် နှုန်း- ၂၀ ရာခိုင်နှုန်း Discount ဖြင့် ဝယ်ယူနိုင်မည့် Monsoon Online Travel Fair 2022 ကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံ၍ စီမံရေး၊ လေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(ဒုတိယအသုတ်) ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် “Hybrid Seminar on Innovation and Young Entrepreneurship for Regional Development”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၇) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁၀၀) တို့၏ သင်တန်းဆင်း အခမ်းအနားများကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ တစ်ပေါင်းတည်းကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2022

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများသို့ သွားရောက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့ နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်