ရန်ကုန် ဇူလိုင် ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၌ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ဌာနမှူးများနှင့် တွေ့ဆုံ၍ စီမံရေး၊ လေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၆)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၄၀)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၁၀)သင်တန်းများ ဆင်းပွဲအခမ်းအနားကို တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
ထို့နောက် ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ် အိပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း အပါအဝင် တည်ဆောက်ရေးလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီ၍ သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်