Aug 03, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုး သူတောင်သူများဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုး ရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီးပဲ၊ ပဲပြီးပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင်း သိရှိရပါသည်။
Aug 03, 2022
အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မှန်ကန်စွာဖြည့်စွက်နိုင်စေရန်နှင့် မှတ်ပုံတင် စနစ်ဆိုင်ရာ အကြောင်းအရာများအား နားလည်သဘောပေါက်စေရန် အောက်ပါသတင်းအချက် အလက်များတွင် လေ့လာကြည့်ရှု့နိုင်ပါသည် -
Aug 03, 2022
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်း နတ်ပုတီးကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူနှင့်တွေ့ဆုံ၍ တစ်ဧကကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။
Aug 03, 2022
မူပိုင်ခွင့်ဦးစီးဌာနသည် မူပိုင်ခွင့်ဥပဒေများဖြစ်သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီ ဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မူပိုင်ခွင့်ဥပဒေများအရ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်- WIPO FILE ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ WIPO FILE သည် အမှတ်တံဆိပ် မှတ်ပုံတင်လျှေက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသည့်လုပ်ငန်း၊ ကုမ္ပဏီ၊ ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm)များအတွက် ရည်ရွယ်ပါသည်။
Aug 03, 2022
ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဗူးသီးသည် ယခုအခါ ချင်းတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများကပင် အဆာပြေအဖြစ် စားသုံးမှုပိုမို များလာသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။
Aug 03, 2022
ကွေးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ငါးနှစ်တာကာလအတွင်း စပါးစိုက်ပျိုးထွက်ရှိမှု စာရင်းများအရ နှစ်စဉ်စပါးတင်း (၄၆၇) သိန်းထွက်ရှိပြီး မျိုးစပါးနှင့် အလေအလွင့်အတွက် နုတ်ပယ်ပါက ပြည်တွင်းဆန် စားသုံးမှုအတွက် ကြိတ်ခွဲနိုင်သော စပါးတင်း(၄၃၄)သိန်းကျော် ကျန်ရှိပါသည်။ အဆိုပါ စပါးများကြိတ်ခွဲရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း တန်းမြင့်ဆန်ကြိတ်ခွဲနိုင်သော တန် (၄၀) နှင့် အထက်ဆန်စက်ကြီး (၉) လုံး၊ (၁၅) တန်နှင့် တန် (၄၀)ကြာ
Aug 03, 2022
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်က စတင်၍ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ကိုင်ရန် ကန်တစ်ရာစီမံကိန်းအဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်းမြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်း စီးဆင်းနေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျှံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
Aug 03, 2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစားအလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာအုပ်စု၊ ဆင်ဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုယက်လုပ်၍ မိသားစုအပိုဝင်ငွေရရှိအောင် ယက်လုပ်ရောင်းချလျက်ရှိပါသည်။
Aug 03, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 03, 2022
ဦးစိုင်းကျော်သူရေးသားသော “မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းမှတ်တမ်း (၁၈၈၆ - ၂၀၂၂)” စာအုပ်ထွက်ရှိလာသည်။ စာအုပ်တွင် မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ် လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် ပထမဆုံး ရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်ကြိမ်၊ ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးမျိုးတို့နှင့်
Aug 03, 2022
ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်းများကို အိမ်ထောင် သည်များဖြစ်ပါက မူရင်းလစာ၏ ရှစ်ရာခိုင်နှုန်း၊ လူပျို၊ အပျိုများဖြစ်ပါက လေးရာခိုင်နှုန်းကို အိမ်ငှားစရိတ်အဖြစ် ထောက်ပံ့ပေးသွားမည့်ကိစ္စကို အထူး အားရဝမ်းသာဖြစ်ကြရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းများမဟုတ်ဘဲ ပုဂ္ဂလိကဝန်ထမ်းများဖြစ်ကြ သည့် ကုမ္ပဏီဝန်ထမ်းများ၊ အထည်ချုပ်စက်ရုံ အလုပ်သမားများ၊ ပင်စင်စားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက တစ်နည်းတစ်ဖုံထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
Aug 03, 2022
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
Aug 03, 2022
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ် သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်း အားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲက လမ်းညွှန်မှာကြား ထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေ ရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက်ရှိသည်။
Aug 03, 2022
စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Aug 03, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 03, 2022
ဦးအောင်ကျော်ဇံအား ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်
Aug 03, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် သမားများက ဆရာ ဆရာမများအား ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Aug 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည့် အချိန်ကာလ ၁၈ လ (တစ်နှစ်နှင့်ခြောက်လ) ပြည့်မြောက်ခဲ့သော ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံနှင့် ပြည်သူအတွက် ဆောင်ရွက်ချက်များနှင့် ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည့် အခြေအနေများကို ပြောကြားခဲ့သည်။
Aug 03, 2022
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု အဆိုရှိသည်။ အကယ်၍ စစ်ရေးနည်းလမ်းအပြင် တွေ့ဆုံဆွေးနွေး ခြင်းကဲ့သို့သော အခြားနည်းလမ်းတစ်ရပ် ဖြစ်ပေါ်လာလျှင်မူ စစ်ရေးကို ဆက်လက်စွဲကိုင်ထားရန် မသင့်တော့။ ရွေးချယ်ရန်နည်းလမ်း မရှိခဲ့ခြင်းကြောင့် ဖြစ်စေ၊ ခံယူချက်တစ်ခုခုကြောင့် ဖြစ်စေ ကျင့်သုံးခဲ့သည့်
Aug 02, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသေ