ရပ်စောက် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Covid-19 ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေး သုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် PPEဝတ်စုံ၊ Mask၊Hand Gel တို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် ဝန်ကြီး များ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရပ်စောက်မြို့နယ်Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူ များက လက်ခံရယူကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)