Skip to main content

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များ အားကစားနည်းအလိုက် လေ့ကျင့်

ရန်ကုန် ဇူလိုင် ၂၈

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ဝူရှူးနှင့် Teqball အားကစားအဖွဲ့များသည် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် အားကစားနည်းအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက အလေးမအားကစားရုံ၌ ပဏာမလက်ရွေးစင် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ဝူရှူး(ထောက်လု)ကစားသမားများ၏ လေ့ကျင့်နေမှု၊ Teqball အားကစားရုံ၌ ပဏာမလက်ရွေးစင် Teqball အားကစားသမားများ၏ လေ့ကျင့်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး အားပေးစကားပြောကြားသည်။

ထို့နောက် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ချိန် တစ်နှစ်ကျော်ခန့်သာကျန်ရှိတော့ကြောင်း၊ မြန်မာ့အားကစား အောင်မြင်တိုးတက်ရေးအတွက် တာဝန်ရှိသူများအားလုံး ဘက်ပေါင်းစုံမှ နည်းလမ်းကောင်းများ၊ အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် တာဝန်ရှိသူများက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်မလေးရှားနိုင်ငံမှ ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ မိမိတို့မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အားကစားနည်းများ၊ အောင်မြင်မှုရရှိနိုင်မည့် အားကစားနည်းများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ နေထိုင်စားသောက်နေမှုများ၊ လေ့ကျင့်နေမှုများနှင့်စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား အောင်မြင်မှုရရှိရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအားလုံး ဟန်ချက်ညီညီဖြင့် လက်တွဲ၍ အတူတကွ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်