Skip to main content

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁) နေရာ စပိန် ပြန်လည်တက်လှမ်းလာ

စပိန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားဆွတ်ခူး ရရှိပြီးနောက် ၁၉၉၅ ဒသမ ၈၈ မှတ်ဖြင့် အာဂျင်တီးနားအသင်းကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် (၁) နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။ စပိန်အသင်းသည် စုစုပေါင်း ရှစ်ပွဲကစားခဲ့ပြီး ရှုံးပွဲမရှိဘဲ ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသည်။

မကြာသေးမီက ထုတ်ပြန်လိုက်သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ဗိုလ်လုပွဲတွင် နိုင်ပွဲရရှိခဲ့သည့် စပိန်က အာဂျင်တီးနား၏ အဆင့် (၁) နေရာကို လွှဲပြောင်းရယူခဲ့ပြီး အဆင့် (၃) နှင့် အဆင့် (၄) နေရာတွင် အပြောင်းအလဲမရှိ ပြင်သစ်နှင့် အင်္ဂလန်အသင်းတို့က အဆင့်အလိုက် ရပ်တည်နေသည်။ ပြင်သစ်အသင်းသည် ကမ္ဘာ့ဖလားတတိယနေရာလုပွဲတွင် အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ သော်လည်း ၁၉၄၈ ဒသမ ၉၇ မှတ်ဖြင့် အဆင့် (၃) တွင် ဆက်လက်ရပ်တည်နေခြင်းဖြစ်သည်။

နာမည်ကြီး ဘရာဇီးအသင်းက တစ်ဆင့်မြင့်တက်ပြီး ၁၈၀၄ ဒသမ ၉၂ မှတ်ဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မိုရိုကိုကလည်း တစ်ဆင့်မြင့်တက်ပြီး ၁၈၀၃ ဒသမ ၉၉ မှတ်ဖြင့် အဆင့် (၆) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အသင်းကြီးဂျာမနီက ၁၇၂၆ ဒသမ ၂၂ မှတ်ဖြင့် အဆင့် (၁၂) နေရာအထိ ကျဆင်းသွားခဲ့ပြီး ဆွစ်ဇာလန်က ၁၇၁၀ ဒသမ ၈၈ မှတ်ဖြင့် အဆင့်(၁၄)နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။

အောင်ဇော်