တွန်းဇံ ဇူလိုင် ၂၁
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးရုံ လျှပ်စစ်မီးရရှိရန် ရပ်မိရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ တာဝန်ရှိသူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆိုလာစနစ် (3.5 kW) ကို တပ်ဆင်အသုံးပြုခြင်းဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက ဆိုလာစနစ် စနစ်တကျတပ်ဆင်အသုံးပြုမှု၊ ပြည်သူများ အေးချမ်းစွာ ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးကာ ဆေးကုသမှုခံယူနေသော ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
