Skip to main content

ဧရာဝတီ မြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ MSMEs လုပ်ငန်းရှင်များ၊ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သည့် အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေး

မြစ်ကြီးနား မေ ၆

ဧရာဝတီ မြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဒေသတွင်းရှိ စီးပွားရေးနယ်ပယ်အသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းဆွေးနွေးသည်။

တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နေ့စဉ်လူနေမှုဘဝတွင် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးကဏ္ဍဖြစ်သည်ကို အားလုံးက သိရှိနားလည်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲ၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်နှင့် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ အောင်ဝင်းတို့က ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာ၊ ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များ၊ ရေအားလျှပ်စစ်စီမံကိန်းကြီးများဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ တိုးတက်မှုနှင့် အနာဂတ်အလားအလာများ၊ ကမ္ဘာပေါ်ရှိ ဆည်ကြီးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက သိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကာ ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)