ရေတာရှည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၃ နာရီအချိန်က ရေတာရှည် မြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ ချုံအင်းကျေးရွာရှိ သိက္ခာတော် ၆၈ ဝါရှိ သိရိမင်္ဂလာ စာသင်တိုက် ပဓာန နာယက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက(နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ-ငြိမ်း) ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ခဲ့ပြီး အန္တိမစျာပန အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဦးဆောင်သော ဆရာတော်ကြီးများထံ အလှူငွေများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိန်းအင်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ရာ သာဂရမြို့ လျှပ်စစ်မှူးနှင့် ကျေးရွာ ကော်မတီဝင်များ၏ တင်ပြမှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မီးလင်းရေး အတွက်အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆု (ပြန်/ဆက်)