နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၁၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၈၁ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၄၄ ဒသမ ၉၇ သန်းဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀၈ ဒသမ ၅၈ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၄၄ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၂၈ ဒသမ ၀၂ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၇၂ ဒသမ ၉၉ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၉၅ သန်း ဖြစ်ပေါ်ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၉၁၁ ဒသမ ၁၀ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇၅၁ ဒသမ ၈၈ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၆၆၂ ဒသမ ၉၈ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၀၀ ဒသမ ၂၀ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၃၆ ဒသမ ၉၇ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉၀၃၇ ဒသမ ၁၇ သန်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆၇၀၀ ဒသမ ၁၅ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ ၁၃၇၄ ဒသမ ၁၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။
သတင်းစဉ်