Skip to main content

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဆိုရှယ်လစ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Prabashini Ponnam-peruma အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်