နေပြည်တော် ဒီဇင်ဘာ ၁၂
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၂)၏ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင်ဦးကျော်မျိုးထွဋ်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က ဆရာဆိုသည်မှာ စာကိုလည်း သင်၊ လူကိုလည်းပြင်ဟူသည့် အတိုင်းဘာသာရပ်သင်ကြားသူ သက်သက်သာမက ကျောင်းသား ကျောင်းသူများအား ဘက်စုံ ထူးချွန်သူ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ၊ စည်းကမ်းကို တန်ဖိုးထားလေးစားလိုက်နာ သူ၊ ကြောင်းကျိုးဆက်စပ်စဉ်းစား တွေးခေါ်တတ်သူ၊ ကိုယ်ချင်းစာစိတ်ထားကြစေရန် လမ်းပြပေးပြီး အများအကျိုး ဆောင်ရွက်တတ် သော အလေ့အကျင့်ကောင်း များ ပျိုးထောင်ပေးကြမည့်သူများ ဖြစ်သည့်အတွက် ဆရာတစ်ဦးတွင်ရှိရမည့် ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် မိမိ၏ ဆရာအတတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်း သား ၈၇ ဦး၊ သင်တန်းသူ ၃၄၃ ဦး တက်ရောက်ကြပြီး သင်တန်းကို ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
