Skip to main content

လွိုင်လင်မြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန် ကျော်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် လွိုင်လင်မြို့၊ ရပ်ကွက် (၂)၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျီတော်ရွာနေ တင်မျိုးထွန်း (၄၂) နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားဖရွာနေ ဇော်ဂွန်း (၂၈)နှစ် လိုက်ပါလာသော NISSAN ၆ ဘီး မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန် (၎င်းဒေသ တန်ဖိုးငွေကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိအိုက်စ် (မက်သ်အဖက် တမင်း) များအား သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး (ခ) ဂွန်ဂျာအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်း (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။