နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပရာ တပ်မတော်သားများနှင့် မိသားစုဝင်များ သည်လည်း သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ် ချက် များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။
ထိုသို့ ဆန္ဒမဲများပေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်၊ အနော် ရထာရပ်ကွက်၊ ဇေယျာသီရိကုန်တိုက်ရှိ မဲရုံ အမှတ်(၁)သို့ သွားရောက်၍ ဆန္ဒမဲပေးကြသည်။
ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီးများ ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များကလည်း သတ်မှတ်မဲရုံများ၌ ဆန္ဒမဲများ အသီးသီး ပေးခဲ့ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ မဲရုံ အသီးသီး တွင်လည်း တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင် ရာမဲရုံ အသီးသီးတွင် စနစ်တကျဖြင့် ဆန္ဒမဲများပေး ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)