နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခဲ့သည့် (၂၀၁၆-၂၀၂၀) ခုနှစ်ကာလအတွင်း တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ တွေ့မြင်သိရှိ နိုင်စေရန်နှင့် မှတ်တမ်းတင်ကျန်ရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။
ကဏ္ဍစုံလင်စွာ ဖော်ပြထား
စာအုပ်တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးကဏ္ဍဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များ၊ စီးပွားရေးကဏ္ဍဆောင်ရွက်ချက်များ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍဆောင်ရွက်ချက်များ၊ လူမှုရေးကဏ္ဍဆောင်ရွက်ချက်များ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ပညာရေးကဏ္ဍဆောင်ရွက်ချက်များ၊ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ချက်များ၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအသိပညာ မြင့်မားရေး ဆောင်ရွက်ချက်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို ဓာတ်ပုံပေါင်း (၉၉၅) ပုံ၊ စာမျက်နှာ (၄၀၀)ဖြင့် ခန့်ထည် သပ်ရပ်စွာ စီစဉ်ထုတ်ဝေထားပါသည်။
ဝယ်ယူရရှိနိုင်
အဆိုပါ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း (၂၀၁၆ - ၂၀၂၀) စာအုပ်ကို တစ်အုပ်လျှင် ငွေကျပ် ၃၀၀၀၀ ဖြင့် ရုံးအမှတ် (၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇- ၃၄၁၂၃၇၁၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ (ရန်ကုန်)၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၁-၈၃၇၁၃၄၀၊ ၀၁-၈၂၀၁၉၃၆ ၊ အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် (နေပြည်တော်)၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် (ရန်ကုန်)၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန်အရောင်းဆိုင် (မန္တလေး)၊ ဖုန်း ၀၂-၄၀၃၀၁၈၆၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ် အရောင်းဆိုင်၊ ဖုန်း ၀၁-၂၄၈၁၀၂ တို့မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(ပြန်/ဆက်)