Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     နိုဝင်ဘာ   ၄

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် နန့်ကွေ့ကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာ၌ ရွာတွင်းဝင်ရောက်သည့် အဓိက လမ်းမကြီး ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်‌ရေးအတွက် ကျေးရွာတာဝန်ရှိသူများ ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ဆက်လက်၍ မလိခကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် တွေ့ဆုံပြီး‌ ကျေးရွာအခြေခံပညာကျောင်း တိုးချဲ့စာသင်ဆောင်သစ်ရရှိရေး၊ အားကစားကွင်းရရှိရေး၊ သုဿန်သွားလမ်းခင်း ကျင်းပေးနိုင်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းပေးနိုင်ရေးနှင့် ကျေးရွာအုပ်စု ပြောင်းလဲသတ်မှတ်ရေးတို့နှင့် ပတ်သက်၍ တင်ပြတောင်းဆိုမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်းနှင့် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တစ်ချို့လုပ်ငန်းများကို စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ထောင် - မလိခကျေးရွာချင်းဆက် လမ်းခင်းကျင်း ပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရေး၊ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင် ပေးနိုင်ရေးအတွက် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နန်းကွေ့ကျေးရွာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထွန်းတောက်စာကြည့်တိုက်နှင့် အခြေခံပညာအလယ်တန်းကျောင်းအတွင်း မဲရုံများ ဖွင့်လှစ်ထားရှိမှုကို ကိုဗစ်-၁၉ ကာကွယ် ရေးအတွက် ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏စံလုပ် ငန်းလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ရပ်ကွက်တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများအား မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နန်းကွေ့မှ မြစ်ကြီးနားမြို့သို့ ဆက်သွယ်ထားသည့် လမ်းခင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြေားင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)