Skip to main content

နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်သူ့အကျိုးပြု ပညာရေးဆိုင်ရာ မှတ်တိုင်များ

အပိုင်း(၁) အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍ

(ယမန်နေ့မှအဆက်)

51

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံပညာမူလတန်းကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြထားသည့် စံကိုက်ကျောင်းများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် တစ်ကျောင်းနှုန်းဖြင့် ဆောက်လုပ်နိုင်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ကျောင်း ၁၅ ကျောင်းအတွက် ငွေကျပ် ၁၆၂၄ ဒသမ ၁၄၈ သန်း လျာထား ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

52

53

54

၂၀၁၆-၁၇ ပညာသင်နှစ်မှ ၂၀၁၉−၂၀ ပညာသင်နှစ်အထိ ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို အောက်ပါအတိုင်း ထောက်ပံ့နိုင်ခဲ့ပါသည်-

55

56

အခြေခံပညာကဏ္ဍတွင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် လိုက်လျောညီထွေသည့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲ မှုများကို ဦးတည်၍ ပညာရေးစနစ်ကို KG + 12 ပညာရေးစနစ်ကို ၂၀၁၆-၁၇ ပညာသင်နှစ် စတင်ကူးပြောင်းဆောင် ရွက်ခဲ့ပါသည်။ ပညာသင်နှစ်အလိုက် သင်ရိုးညွှန်းတမ်းသစ်များဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဆရာကိုင်စာအုပ်၊ သင်ကြား သင်ယူမှု နည်းလမ်းသစ်များဖြင့် သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ ပြောင်းလဲသင်ကြားပေးလျက်ရှိ ပါသည်။ သင်ရိုးညွှန်းတမ်းသစ်များနှင့်အညီ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုကို ပံ့ပိုးပေးသော တိုးတက် ကောင်းမွန်သည့် အရည်အသွေးရှိသော စစ်ဆေးအကဲဖြတ်မှုကို ပြောင်းလဲကျင့်သုံးခဲ့ပြီး အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၆-၁၇ ပညာသင်နှစ်မှ ၂၀၁၉-၂၀ ပညာသင်နှစ်အထိ သင်ရိုးသစ်သင်တန်းနှင့် သင်ထောက်ကူပစ္စည်းများအတွက် ငွေကျပ် ၈၄ ဒသမ ၄၉၉ ဘီလီယံကို သုံးစွဲပြီးဖြစ်ပါသည်။ ပညာရေးအထောက်အကူပြု ရင်းမြစ်များဖြစ်သည့် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများကို အောက်ပါအတိုင်း ရိုက်နှိပ်ဖြန့်ဝေပေးခဲ့ပါသည်-

57

KG+12 ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများ

KG+12 ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၆-၁၇ ပညာသင်နှစ်မှစ၍ သူငယ်တန်း(KG) သင်ရိုးသစ်ကို စတင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ဆရာ ဆရာမများအား ပညာသင်နှစ်အလိုက် သင်ရိုးသစ်သင်တန်းများအား ပို့ချပေးခဲ့ရာ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် စတုတ္ထတန်း (Grade-4)၊ သတ္တမတန်း (Grade-7) နှင့် ဒသမတန်း(Grade-10)သင်ရိုးသစ်များကို ဗဟိုအဆင့် နည်းပြသင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး တိုင်း ဒေသကြီး ပြည်နယ်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့် သင်တန်းများကို online မှတစ်ဆင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

58

သင်ရိုးသစ် Grade-1, Grade-2, Grade-3, Grade-6 ကျောင်းသုံးစာအုပ်များ၏ Soft Copy များကို အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ Website ဖြစ်သည့် nepc.edu.mm တွင်လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏  Website ဖြစ်သည့် derpt.moe.edu.mm တွင်လည်းကောင်း Grade-4၊  Grade-7 နှင့် Grade-10 ကျောင်းသုံးစာအုပ် များ၏  soft Copy များကို အခြေခံပညာ ဦးစီးဌာန၏ MDEP Platform တွင်လည်းကောင်း လွှင့်တင်ထားပါသည်။

သင်ရိုးညွှန်းတမ်းသစ် စာအုပ်များ

59

60

61

62

 

၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ကာ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် COVID-19 ကာလအတွင်း ဆရာ ဆရာမ များသည် ICT နည်းပညာအသုံးပြု၍ Onlineသင်ရိုးသစ်သင်တန်းများကို Social Media, Myanmar Digital Education Platform (MDEP) & Website Link http://mdep.moe.edu.mm/dbebox/ တို့တွင် လေ့လာနိုင်ရန်နှင့် Internet Online မရရှိသော ဒေသများမှ ဆရာ ဆရာမများ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Self-learning) အတွက် DBE Stick တို့ကို ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာန၏ Special Project Task Force အဖွဲ့မှ နည်းပညာရှင်များနှင့် ပူးပေါင်း ၍ စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

 

63


ထို့အပြင် သင်ရိုးသစ်ပြဋ္ဌာန်းစာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များကို DBE Box တွင် ထည့်သွင်းခြင်း၊ ဗဟိုအဆင့်နည်းပြ သင်တန်းများတွင် သင်ကြားပြသမှုများအား မှတ်တမ်းတင်ထားသော Video များကို တည်းဖြတ်၍ Online သင်ခန်းစာများအဖြစ် ပြင်ဆင်ခြင်းနှင့် DBE Learning Management System တည်ဆောက်ခြင်း၊ Grade 4 Grade 7 နှင့် Grade 10 သင်ရိုးသစ်သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အခန်းလိုက် Online Course အဖြစ် ဆောင်ရွက်ပေးခြင်း၊ Grade 4 Grade 7 နှင့် Grade 10 သင်ရိုးသစ်အတွက် သက်ဆိုင်ရာဦးစီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ToTTraining များ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆရာ ဆရာမ စုစုပေါင်း ၁၅၀၀၀၀ ခန့် MDEP တွင် Registration ပြုလုပ်၍ သင်ရိုးသစ်သင်ခန်းစာများကို အခမဲ့ဝင်ရောက်လေ့လာခဲ့ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)