အပိုင်း(၁) အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍ
(ယမန်နေ့မှအဆက်)
အခြေခံပညာအလယ်တန်းနှင့်အထက်တန်း သင်ရိုးညွှန်းတမ်းများတွင် လူမှုရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် တိုင်းရင်း သားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် နေထိုင်ရာဒေသများ၊ ကျား၊ မ တန်းတူညီမျှမှု၊ မသန်စွမ်းသူများ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနှင့် မျိုးဆက်ပွားကျန်းမာရေးတို့ပါဝင်မှုကို ဆန်းစစ်ရန်အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် လူမှုရေးဆိုင်ရာအကြောင်းအရာများ ပါဝင်ရေးလမ်းညွှန်ကို ရေးသားပြုစုပြီး Grade 7 နှင့် Grade 10 သင်ရိုးညွှန်း တမ်းများကို ဆန်းစစ်ခဲ့ပါသည်။
အခြေခံပညာဆရာ ဆရာမများအား ပညာရေးအဆင့်အလိုက် ရာထူးတိုး မြှင့်သတ်မှတ်ရေးဆောင်ရွက်ချက်
အခြေခံပညာ ဆရာ ဆရာမများ ၏ ရာထူးတိုးစနစ်သည် အခြေခံ ပညာအဆင့်တစ်ခုမှ တစ်ခုသို့ အဆင့်ဆင့် ရာထူးတိုးမြှင့်ပေးသည့် စနစ်ကို အသုံးပြုလျက်ရှိပါသည်။ အဆင့်ဆင့်ရာထူးတိုးသည့်စနစ်ကို ကျင့်သုံးသဖြင့် အရေးအကြီးဆုံး ဖြစ်သည့် မူလတန်းအဆင့်တွင် အတွေ့အကြုံနည်းပါးသည့် ဆရာ အသစ်များကသာ သင်ကြားပေး နေရခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့် မားစေရေးအတွက် သင်တန်း များ ပို့ချပေးရာတွင် ရာထူးတိုးစနစ်ကြောင့် သင်တန်းရရှိပြီးသူများ ရာထူးတိုးသွားသဖြင့် အသစ် ဝင်ရောက်လာသူများကို သင်တန်း ထပ်မံပို့ချပေးရန် လိုအပ်ခြင်း၊ အဆင့်တိုင်းတွင် အတွေ့အကြုံ နည်းသော ရာထူးတိုးအသစ်ဝင်ရောက်သည့် ဆရာ ဆရာမများက သင်ကြားပေးရခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရပါသည်။
သို့ပါ၍ အခြေခံပညာအရည်အသွေး မြင့်မားရေးအတွက် ကျောင်းသားကျောင်းသူများအား စွမ်းဆောင်ရည်မြင့်မားပြီး လုပ် သက်အတွေ့အကြုံရင့်ကျက်သည့် ဆရာ၊ ဆရာမများက အခြေခံပညာအဆင့်အလိုက် သင်ကြားလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ လက်ရှိသတ်မှတ်ထားသည့် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြများအား အခြေခံပညာအဆင့်အလိုက်အတွင်း ရာထူးတိုးမြှင့်ပေးနိုင်ရန်အတွက် ရာထူးအခေါ်အဝေါ်နှင့် ရာထူးတိုးမြှင့်ရေးမူများကို ပြင်ဆင်ဖွဲ့စည်းပြီး အခြေခံပညာအဆင့်အလိုက်အတွင်း ရာထူးတိုးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ လုပ်ငန်းအစီအစဉ်ကို စတင်ဆောင်ရွက်ပါက လာမည့်ပညာသင်နှစ်များမှစ၍ အခြေခံပညာ ဆရာ၊ဆရာမ များသည် မိမိတို့ကျွမ်းကျင်သည့် ပညာရေးအဆင့်အတွင်းမှာပင် ဆက်လက်၍ ရာထူးတိုးမြှင့်ခံစားနိုင်မည်ဖြစ်ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုများ လျော့ပါးသွားမည်ဖြစ်ရာ အတွေ့အကြုံရှိ ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများ ပိုမိုများပြားလာမည် ဖြစ်ပါသည်။
အခြေခံပညာကျောင်းသား အားကစားပွဲတော် ကျင်းပခြင်း
မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်း မြင့်မားရေး၊ နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာရေးကို ရည်ရွယ်၍ အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်း၌ ၂၃-၁၂-၂၀၁၉ ရက်နေ့မှစ၍ ၂-၁-၂၀၂၀ ရက်နေ့အထိ ကျင်းပဆောင်ရွက်နိုင်ခဲ့ပါသည်။ အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်းများကို ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၆၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာပညာရေးဆောင်ရွက်မှုများ
ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့်ကျောင်းလုံးဝ မနေခဲ့ဖူးသေး သူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက်(၁၀-၁၄) နှစ် ကလေးများ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့်သို့ ဆက်လက်သင်ယူခွင့် ရရှိစေရန် ဒုတိယအကြိမ် ပညာသင်ယူမှု အခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးသော တန်းညှိပညာရေး အစီအစဉ်ဖြစ်သည့် ကျောင်းပြင်ပ မူလတန်းပညာရေး Non-Formal Primary Education) ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့ တက်ရောက်ရန် အခက်အခဲရှိသူ ကလေးများနှင့် ပုံမှန်ကျောင်းများမှ အလယ်တန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ရသောကလေးများ၏ ဘဝကို ပညာသင်ယူမှု အခွင့်အလမ်း ထပ်မံပေးရန် အခြားနည်းလမ်းတစ်သွယ်ဖြင့် ပညာသင်ယူခွင့်ကို ရရှိပိုင်ဆိုင်စေမည့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education) ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများအား ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့ရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု ရှိ ခရိုင် ၂၆ ခု၊ မြို့နယ် ၇၀ တို့တွင် သင်ယူသူပေါင်း ၅၃၉၂၁ ဦး ရှိခဲ့ပြီးသင်ယူပြီးမြောက်သူ ၄၉၉၆၁ ဦးကို အခြေခံအရေး၊ အဖတ်၊ အတွက် တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပညာရေးဝန်ကြီးဌာနသည် “မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အထောက်အပံ့ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန်” ရည်ရွယ်၍ Myanmar Education Channel ရုပ်သံလိုင်းအား ပညာရေးနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီး၏ ဆောင်ရွက်ချက်များကို ပြည်သူအများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အဓိကတာဝန်ယူဆောင်ရွက်၍ ရုပ်သံအစီအစဉ်များ ထုတ်လွှင့်ပေးလျက် ရှိပါသည်။