Skip to main content

ငလျင်ဘေးသင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် မေ ၇

ရန်ကုန်ခါနန်နှစ်ခြင်းအသင်းတော် (လှိုင်သာယာ) နှင့် Sweet J Foundation တို့မှ အလှူရှင်များက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အလှူရှင်များက ရှင်းလင်းပြောကြားပြီး ထောက်ပံ့လှူဒါန်းပေးအပ်သည့် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဒုတိယဝန်ကြီး ဦးထိန်လင်းက လက်ခံရယူကာ အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် အားကစားအဖွဲ့များကို ပေးအပ်ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

သတင်းစဉ်