Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်

တောင်ကြီး     အောက်တိုဘာ   ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေကျပ်(၂၅)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အယ်နန်းခမ်းက လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)