Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy ကျောင်းသား ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလ စာမေးပွဲအေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy ၏ ကျောင်းသား ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလစာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုစစ်ဆေး

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ၏ ဒုတိယ ပညာသင်ကာလ စာမေးပွဲကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ပညာသင်ယူမှု အခွင့်အလမ်းအပြည့်အဝရရှိစေရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသင်ကြားကြရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ကျောင်း၏ဂုဏ်ကို ဆောင်နိုင်သူ၊ ဘာသာရပ်၏ဂုဏ် ကိုဆောင်နိုင်သူ၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်အောင်မြင်သည့် ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် ပြောကြားပြီး Naypyitaw State Academy အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရည်မှန်းထား

Naypyitaw State Academy ကို ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် Comprehensive University အနေဖြင့် ရည်မှန်းထားသည့်အတွက် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာမဟာဌာနဟူ၍ မဟာဌာနကြီးခုနစ်ခုဖြင့် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်းစဉ်