မြစ်ကြီးနား စက်တင်ဘာ ၁၃
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ ဆွမ်ပရာဘွမ်လမ်းမ အပါအဝင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် (၉)နာရီတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ရှိ တပ်ကုန်းရပ်ကွက်အတွင်း ဆွမ်ပရာလမ်းမကြီး အရှည် ၂၈၇၅၈ ပေ၊ အကျယ်ပေ ၆၀ လမ်း နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လမ်းလုပ်ငန်း အပိုင်းအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က AC ကတ္တရာ လမ်းဖြစ်သည့်အတွက် လမ်းမျက်နှာပြင် ညီညာမှုရှိစေရေးကို အထူးဂရုစိုက်ဆောင်ရွက်ကြရေး၊ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရေး ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် လမ်းတာဝန်ခံများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား-မန်ခိန်ရပ်ကွက်ချင်းဆက်လမ်း မိခင်လမ်း အရှည်ပေ ၃၅၀၀ ကို ကတ္တရာ လမ်းခင်းကျင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် စီတာပူရပ်ကွက် ဆိမ်ဆာ့နယ်မြေအတွင်း ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဆွတ်ဂျက်လမ်း (၁၉၅၀)ပေကို ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)