နေပြည်တော်၊ စက်တင်ဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
စက်တင်ဘာလ ၁၂ ရက် (စနေနေ့)တွင်ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ကာတွန်းအောင်အောင်ထွေး သရုပ်ဖော်ထားသည့် ဂျော်ကီနောက်ပြောင်လိုက်သော အကြောင်းအရာအပေါ်စိတ်ဝင်စားပြီး တကယ်ဟုတ်၊ မဟုတ်သိလိုသော ပုတုအကြောင်းကို ရေးဖွဲ့ထားသည့် “တော်တော်နောက်တဲ့ဂျော်ကီ” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏အောင်မြင်မှုများ အကြောင်းကို တင်ဆက်ထားသည့် “ကုလသမဂ္ဂရဲ့ အောင် မြင်မှုများ” သုတဆောင်းပါး၊ ညအချိန်တွင်ထွက်ပေါ်လာ သော အသံတစ်သံကြောင့် ယုန်လေးမှာကြောက်လန့်ပြီး ဒုက္ခရောက်ခဲ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ယုန်ကလေးဖြူတုတ် - အသံ နှစ်မျက်နှာကာတွန်း၊ ရိုးသားပြီး အလုပ်ကြိုးစားသော မောင်ဒီပလေးသည် မှန်ကန်ဖြောင့်မတ်ပြီး သစ္စာရှိသောမြို့စားကြီး၏ ချီးမြှင့်မြှောက်စားခြင်းကိုခံရပြီး မိဘများအပေါ် လိုလေသေးမရှိ ကျွေးမွေးစောင့်ရှောက်ပြုစုပေးနိုင်ခဲ့ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “သစ္စာရှိသောမြို့စားကြီးနှင့် ရိုးသားသူလေး” ပုံပြင်ကဏ္ဍအပါအဝင် ကလေးကာတွန်း ဖိတ်ခေါ်ခြင်း ကဏ္ဍ၊ အင်္ဂလိပ်သဒ္ဒါကဏ္ဍ၊ ကဗျာစုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများပါရှိကြောင်း သိရှိရသည်။
ကြေးမုံ