Skip to main content

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်းများမှ ယာဉ်လိုင်းများအားလုံး ပြေးဆွဲမှုစတင်ရပ်နား

မန္တလေး  စက်တင်ဘာ ၁၀ 

မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း (၅) ခုဖြစ်သည့် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ ဒေါနဘွား ယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်းနှင့် သီရိမန္တလာ ယာဉ်ရပ်နားစခန်းတို့မှ ယာဉ်လိုင်းပေါင်း (၆၅၀) ကျော်ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက စတင်ပြီး ပြေးဆွဲမှုတွေ ခေတ္တယာယီရပ်ဆိုင်းစေခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ပြည်သူသို့ အသိပေးပန်ကြားချက်တွင် ပြည်တွင်းရောဂါ ကူးစက်ပျံ့နှံ့မှုအား အချိန်မီတားဆီးထိန်းချုပ်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များ မှအပ ပြည်တွင်း ခရီးသွားလာခြင်းကို မပြုလုပ်ကြဖို့ နှိုးဆော်ထားသည့်အတွက် ယခုကဲ့သို့ ယာဉ်လိုင်းများအားလုံး ရပ်နားစေခဲ့ခြင်းဖြစ်ကာ လက်မှတ်၀ယ်ယူထားသော ခရီးသည်များအား ငွေပြန်လည်အမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

#MRTV