Skip to main content

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း တိုင်းမှူး၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း မဟုတ်မမှန် သတင်းများကို ထုတ်လွှင့်လျက်ရှိ

နေပြည်တော်   ဒီဇင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက် သောင်းကျန်းသူများက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိကြီး နေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦး သေဆုံးခဲ့ကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေခဲ့ရာ ယနေ့တွင်လည်း အဆိုပါရှော့တိုက်ဒုံး ပစ်ခတ်မှုကြောင့် တိုင်းမှူး၏ ဇနီးဖြစ်သူ နှလုံးရောဂါဖြင့် ရှော့ဖြစ်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများကို ထပ်မံ၍ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ စက်ရိပ် (မြောက်) ကျေးရွာရှိ မြေကွက်လပ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းလမ်းလျှောက်ပွဲတွင် မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး နှလုံးဖောက်ကာ ဆေးရုံတင်ထားရကြောင်း Khit Thit Media က သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာ ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit Media သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မိသားစုဝင်များအပေါ် မဟုတ်မမှန် သတင်းအတုများ ရေးသားဖြန့်ဝေကာ ပြည်သူများမှ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် လူမှုကွန်ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။