Skip to main content

မြန်မာ-ဂျပန် စင်တာဆိုင်ရာ Phase-(II) Project အတွက် ပူးတွဲကြီးကြပ်ရေးကော်မတီ (JCC) ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၃၁


မြန်မာ-ဂျပန် စင်တာဆိုင်ရာ Phase-(II) Project အတွက် ပူးတွဲကြီးကြပ်ရေးကော်မတီ (JCC) ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ တိုးချဲ့အစည်းအဝေးခန်းမ၌ Online မှ Zoom Application စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဥက္ကဋ္ဌ၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် မြန်မာ - ဂျပန် စင်တာဆိုင်ရာ ပူးတွဲကြီးကြပ်ရေးကော်မတီ (JCC) မှ အဖွဲ့ဝင်များ တက်‌ရောက် ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် Myanmar-Japan Center ၏ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က Myanmar-Japan Center အား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် Global Market နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းဆောင်ရည် မြင့်မားသည့် စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ-ဂျပန် စင်တာသည် စီးပွားရေး လုပ်ငန်း ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအတွက် အထွေထွေစီးပွားရေးဆိုင်ရာ သင်တန်းများကို ရန်ကုန်မြို့တွင် သာမက အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ပါ အောင်မြင်စွာပို့ချပေး လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
ထို့အပြင် Myanmar-Japan Center အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုမိုအကျိုးရှိစေမည့် သင်တန်းများကို ပိုမိုဆန်းသစ်သော နည်းလမ်းများဖြင့် တိုးချဲ့ဆောင်ရွက် သွားကြရန် နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာ၍ Business Matching များနှင့် Business Consultation သင်တန်း များကို ဖွင့်လှစ်သွားကြရန်၊ နောင်လာမည့်နှစ်များတွင်လည်း MJC ၏ လုပ်ဆောင်ချက်များကို တိုးမြှင့်ဆောင်ရွက်သွားရန် ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)