Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရွှေဘိုမြို့ဝင်/ထွက် ဂိတ်နှစ်ခုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ထောက်ပံ့ပေးအပ်

မုံရွာ  ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့ပေါ်ရှိ မြို့ဝင်/ထွက် မြောင်းကြီးဂိတ်နှင့် ရွှေဘိုမြို့ဝင်ဂိတ်တို့တွင် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် အရပ်ဘက် စေတနာရှင် လူမှုအဖွဲ့အစည်း များအား တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါဂိတ်များတွင် ကျန်းမာရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးသုံးထောက်ပံ့ရေး ပစ္စည်းများအဖြစ်  Face Shield (၂၀၄)ခုကို တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ရှောင်ကွန်ကရစ် နှစ်လမ်းသွား အကျယ် ၂၄ ပေ၊ အမြင့် ၁၁ လက်မ၊ အရှည်(၆)မိုင်ခန့် ဖောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)