မုံရွာ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်း မြို့နယ်တို့တွင် လူဦးရေ ၁၃၂၆၂၈ ဦးအပေါ်မူတည်ပြီး စားအုန်းဆီခွဲတမ်းမှာ ၁၈ လီတာပုံး ၁၅၇၁ ပုံးကို စားသုံးသူရေးရာဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးသန်းရွှေက ပြောသည်။
နိုင်ငံတော်အရန်ရိက္ခာစားအုန်းဆီပုံးများကို လဟယ်မြို့နယ်ရှိ လူဦးရေ ၅၆၅၂၂ ဦးအတွက် ၆၅၇ ပုံး၊ လေရှီးမြို့နယ်ရှိ လူဦးရေ ၁၈၄၇၅ ဦးအတွက် ၂၂၆ ပုံး၊ နန်းယွန်းမြို့နယ် လူဦးရေ ၅၇၆၃၁ ဦးအတွက် ၆၈၈ ပုံး စုစုပေါင်း လူဦးရေ ၁၃၂၆၂၈ ဦးအတွက် စားအုန်းဆီပုံး ၁၅၇၁ ပုံး ရောက်ရှိပြီဖြစ်ပါကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးသန်းရွှေက ဆက်လက်ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နိုင်ငံတော်အရန်ရိက္ခာ စားအုန်းဆီပုံးများကို ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနှုန်းမြင့်မားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံသားများကို ရိက္ခာချက်ချင်းဖြန့်ဝေနိုင်ရန် သိုလှောင်ထားရှိခြင်းဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူးက ဆက်လက်ပြောသည်။
မွှေးကြူဇင်