ရေဇွာ သြဂုတ် ၂၄
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်းဆောင်ရွက်လျက် ရှိသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၂.၈)သန်းဖြင့်(Power-7) ကုမ္ပဏီမှ တာဝန်ယူဆောက်ရွက်လျက်ရှိသော ရေဇွာ တိုက်နယ် ဆေးရုံတွင် ခွဲစိတ်ခန်းနှင့် သားဖွားခန်း(၂)ထပ်ဆောင် လူနာဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ(Power-7) ကုမ္ပဏီမှတာဝန်ခံအင်ဂျင်နီယာတစ်ဦးက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦးဆလိုင်လျန်လွယ်က အဆောက်အဦအား သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီပြီး သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ရေဇွာမြို့ ဌာနဆိုင်ရာများနှင့် မြို့မိ၊မြို့ဖများက ဆောက်လုပ်ရေးရိပ်သာတွင် စုပေါင်းကြိုဆိုခဲ့ကြပြီး မြို့မိ၊မြို့ဖ များက မြို့၏ လိုအပ်ချက်အချို့ကို ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)