ရန်ကုန် ဇန်နဝါရီ ၁၃
ဂျပန်နိုင်ငံမှ အဆိုတော် Ms.Millet Takayama နှင့် ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိစေတီ၊ ဓမ္မရံကြီးဘုရား၊ မင်းနန်သူကုန်းနှင့် လေးမျက်နှာဘုရားတို့တွင် နေထွက်ချိန်အလှ၊ မြန်မာ့ယဉ်ကျေးမှုလက်ရာများနှင့် ပတ်ဝန်းကျင် ရှုခင်းအလှများ ရိုက်ကူးသည်။ ။
အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သရပါတံခါးနှင့် ပတ်ဝန်းကျင်ရှုခင်းများ၊ မြင်းကပါကျေးရွာအနီးရှိ စေတီငယ်များ၊ ဧရာဝတီမြစ်ကမ်းရှိ ကျောက်မျက်မော်စေတီတို့တွင် နေဝင်ချိန်အလှနှင့် ဧရာဝတီ မြစ်ရှုခင်းများကို ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထိုသို့ ရိုက်ကူးထားရှိမှုများကို ဂျပန်နိုင်ငံမှအဆိုတော် Ms.Millet Takayama ၏ အယ်လ်ဘမ်အသစ် ပြုလုပ်ရာတွင် CD Cover နှင့် ပိုစတာတို့တွင် ထည့်သွင်းအသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
တင်စန်း (FDC)