Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လက်ပံတန်းမြို့နယ် ခမုံဆိပ် ကျေးရွာအုပ်စု မြစ်သာယာကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေ ပေးအပ်

လက်ပံတန်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက်  လက်ပံတန်းမြို့နယ်  ခမုံဆိပ် ကျေးရွာအုပ်စု မြစ်သာယာကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ခမုံဆိပ်ကျေးရွာ အုပ်စု မြစ်သာယာကျေးရွာ မီးလင်းရေး အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ကိုမြစ်သာယာ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးကျော်အောင်နှင့်အဖွဲ့ဝင်များအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လက်ပံတန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာများ မီးလင်းရေး ကိစ္စရပ်များကို လက်ပံတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း၍ လိုအပ်သည်များကို လမ်းညွန်မှာကြား ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး